วันเสาร์ที่ 24 พฤษภาคม พ.ศ. 2557

မိမိတို့ ကွန်ပျူတာမှ Driver များကို Backup ပြုလုပ်နည်း

မိမိတို့ window တင်တဲ့အခါမှာ Driver တွေပြန်တင်ရတဲ့ ဒုက္ခတွေမှ ကင်းဝေးပြီးတော့ မိမိတို့ဝင်းဒိုးခွေကို
ပျောက်ဆုံးသွားပြီးတော့ အင်တာမှာ ပြန်ရှာစရာ မလိုအောင် ကိုယ်တိုင်ကြိုတင်ပြီးတော့ Driver backup
တွေ လုပ်ထားသင့်ပါတယ်.ဒါကြောင့် အသုံးဝင်အသုံးတည့်မယ့် ဆော့ဝဲလ်လေးကိုတော့ ကျနော်တင်ပေး
လိုက်ပါတယ်..သူ့ရဲ့ အသုံးပြုနည်းကိုတော့ အောက်မှာ ရှင်းထားပေးပါတယ်....

အရင်ဆုံး Driver backup လုပ်ဖို့   Double Driver  ဆော့ဝဲလ်ကို ဒီမှာ ဒေါင်းယူလိုက်ပါ...

ဒေါင်းထားတဲ့ Double Driver ဆော့ဝဲလ်ကို ဖိုင်လ် အရင်ဖြည်လိုက်ပါ ပြီးရင် Install လုပ်ပေးလိုက်ပါ...
ကျနော်ဆော့ဝဲလ်မှာ portablae ဖြစ်နေလို့  Double click နှိပ်ပြီး အဆင်သင့်သုံးလို့ရပါပြီး...






မိမိကွန်ပျူတာထဲက Driver များကို backup ဖို့အတွက် အနီရောင်လေးထောင့်ကွင်းကို ပြထားတဲ့အတိုင်း
Menu ထဲက backup ကို နှိပ်ပေးလိုက်ပါ...




ပုံမှာပြထားတဲ့အတိုင်း box လေးထဲမှာ အမှတ်လေးခြစ်ပြီးတော့  scan current system ကိုနှိပ် ခဏအကြာစောင့်ပေးရပါမယ် သူ့ဖါသာ scan driver ရှာပေးလိမ့်မယ်..ပြီးရင်တော့ Backup now ကို
နှိပ်ပါ.Driver restore ကို သိမ်းဖို့အတွက် save ဖို့ ဖိုဒါလေးတစ်ခုကို ထားပေးလိုက်ပါ....





မိမိ driver backup restore ဖို့အတွက် save ဖို့ရန် အချက်(3)ချက်ကို မိမိကြိုက်တာ တစ်ခုရွှေးပေးရပါမယ်

 (1) structured folder (Default)

(2) compress folder (zipped)

(3) single file extract(executable)


ပြီးရင် မိမိသိမ်းချင်တဲ့ folder တစ်ခုကို ရွှေးပေးလိုက်ပါ ...ဒီအောက်ကပုံလေးအတိုင်း မြင်တွေ့ရပါလိမ့်မယ်.




အားလုံးပဲ အဆင်ပြေပါစေ........
post by : ChaungPyaThur